9/22/2007

ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ
သူ့ရင်ထဲကလကို
တကယ်မှချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့
ကျွန်တော့် နှလုံးသားဟာ
ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေကို
ဘယ်သူယူမလဲ
ပျော်ရွင်စွာ ကြည်နူးစွာနဲ့
ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ် လတ်နေပေမဲ့
တေးသံမထွက်နိုင်တဲ့
ကြယ်ကလေးရေ
မင်းပျော်ရဲ့လားကွယ် -------

ဝေးလွင့်သူ

No comments: