တစ်ဖက်သတ်
ရင်ကိုလှစ်ချ
ပြောပြချင်လည်း
ငါလေ မြိုသိပ်
တိတ်တဆိတ်ပေါ့
ကြွေရုပ်လေးလို
မြတ်နိုးတယ်
ပင်မြင့်မှာပွင့်
ဆင်တိုင်းတင့်တဲ့
တော်ဝင် သဇင်
ပန်းသခင်မို့
နေရောင်ခြည်ထိုး
ကြွေမှာစိုးတယ်
ပန်းပွင့်လေးလို
မြတ်နိုးတယ်
မြတ်နိုးတွယ်ရစ်
အချစ်စစ်ကို
သူမသိလို
အပိုဆိုတာ သိပေမဲ့
နှောင်တွယ်ရစ်မို့
နေ့စဉ်ရက်စက်
ရင်မောတယ် ------
ဝေးလွင့်သူ
No comments:
Post a Comment