9/23/2007

အထီးကျန်

အထီးကျန်ဆန်နေတဲ့
လူသားတစ်ယောက်အဖို့
အချစ်ဆိုတာဘာလဲ
အဖော်ရယ်မရှိ
တစ်ကောင်တည်း
ပျံသန်းနေရတဲ့
ဥသြ ငှက်လေးလိုပဲလား
ဥသြ ငှက်လေးလိုပဲ
တစ်ကောင်တည်း
အထီးကျန်ဆန်နေတဲ့
ဘ၀မျိုးကိုတော့
မလိုချင်ပါဘူး
ဒီတော့ -------
အထီးကျန်ဆန်နေတဲ့
လူသားတစ်ယောက်လည်း
မဖြစ်ချင်တော့ပါဘူးကွာ -----


ဝေးလွင့်သူ
အလင်းရောင်

အို -----
အသင်နေမင်း
သင်နှင့် ကျွန်ုပ်က
ဝေးကွာလွန်းပေမဲ့
သင့်ရဲ့အလင်းရောင်ရမှ
ကျွန်ုပ် အရာရာကို
မြင်နိုင်စွမ်းရှိမည်
ကျွန်ုပ်ကို
အလင်းရောင်ပေးပါလော့ ------


ဝေးလွင့်သူ

အနာဂတ်အတွက်

ချစ်သူ ------
မင်းနဲ့တို့ကြားမှာ
အချစ်နဲ့သံယောဇဉ်ကို
ရစ်ပတ်ချည်နှောင်ထားပြီး
အမုန်းနဲ့သံသယကို
ပစ်ပယ်လိုက်ရင်
အနာဂတ် ခရီးမှာ
အလွမ်းတွေကင်းဝေးလို့
ပျော်စရာတွေနဲ့
ဖြောင့်ဖြူးနေမှာပါ----


ဝေးလွင့်သူ
ထာဝရ

နွေးထွေးလှတဲ့
မင်းရဲ့လက်ကိုတွဲ
အေးမြလှတဲ့
စမ်းချောင်းငယ်ရဲ့ဘေးမှာ
ငြိမ်းချမ်းလှတဲ့
အိမ်ကလေးကို တည်ဆောက်
ထာဝရ မင်းနဲ့
အတူနေချင်တယ်ကွာ ===


ဝေးလွင့်သူ

ပုန်းရှောင်သူ

ညသန်းခေါင်ယံ
ကောင်းကင်တစ်နေရာမှာ
လင်းလက်နေတဲ့
ကြယ်လေးတစ်ပွင့်
နေမင်းကြီးရဲ့
အလင်းရောင်လာရင်
ကြယ်ကလေး မင်း ------
ဘယ်ကိုပြေးပုန်းနေလဲ


ဝေးလွင့်သူ
???????

လွမ်းဆွတ်မှု့တွေ
ပြည့်နှက်နေတဲ့
နှလုံးသားလေးတစ်စုံက
အဝေးတစ်နေရာက
အစဉ်အမြဲတမ်းပဲ
လွမ်းနေမှာပါ

ဝေးလွင့်သူ
ချစ်သူရေ လွမ်းနေဆဲပါ

ချစ်သူရေလွမ်းနေရတဲ့
နေ့ရက်တွေကို
ပြန်ရေတွက်ကြည့်မိ
သြော် ---------
ရော်ရွက်ဝါတွေတောင်
မြေခခဲ့ပြီ
တစ်ရက်ပြီးတစ်ရက်ကို
ကုန်ဆုံးစေတဲ့အချိန်
အမြဲတမ်းပဲလွမ်းနေရပေါ့
ချစ်သူလေး ရယ် ------

ဝေးလွင့်သူ

9/22/2007

တစ်ဖက်သတ

ရင်ကိုလှစ်ချ
ပြောပြချင်လည်း
ငါလေ မြိုသိပ်
တိတ်တဆိတ်ပေါ့
ကြွေရုပ်လေးလို
မြတ်နိုးတယ်
ပင်မြင့်မှာပွင့်
ဆင်တိုင်းတင့်တဲ့
တော်ဝင် သဇင်
ပန်းသခင်မို့
နေရောင်ခြည်ထိုး
ကြွေမှာစိုးတယ်
ပန်းပွင့်လေးလို
မြတ်နိုးတယ်
မြတ်နိုးတွယ်ရစ်
အချစ်စစ်ကို
သူမသိလို
အပိုဆိုတာ သိပေမဲ့
နှောင်တွယ်ရစ်မို့
နေ့စဉ်ရက်စက်
ရင်မောတယ် ------


ဝေးလွင့်သူ
ဝေဒနာ နံနက်ခင်းရဲ့နှင်း

အကြင်နာ အမှန်စစ်နဲ့
ရင်မှာနှောင်ရစ်ခဲ့ပေါ့
မကြင်နာရှောင်ခွာပစ်
ရင်မှာဒဏ်ရာဖြစ်ခဲ့ပေါ့
နွေမှာသာ ဝေတဲ့နှင်းရယ်
တော်ရာမှာ ဝေ
မျှော်ရာမှာမဝေတဲ့နှင်း
ငွေမှောင်အစဉ်လှ
ကြွေရင်းလည်းလှ
ဝေစဉ်လဲ လှတဲ့နှင်း
အကြင်နာ နံနက်ခင်း
ဖြစ်ပါရစေ -----

ဝေးလွင့်သ
နှင်းရေစက်များ

မြို့လေးတစ်မြို့
ချမ်းလွန်းလို့
ခြေလက်တွေကွေး
ကျုံ့ထားလိုက်တာ
ဆင်ခြေဖုံးလေးတွေတောင်
ပျောက်သွားတယ်
အဲဒီ မြို့ထဲက -- ငါ
လွမ်းလွန်းလို့
မင်းဓာတ်ပုံလေး
ထုတ်ကြည့်လိုက်တော့
မြို့ကလေးက
မတ်တတ်ထ
မင်းကို -----
လိုက်ရှာပေးမယ်တဲ့

ဝေးလွင့်သူ
ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ
သူ့ရင်ထဲကလကို
တကယ်မှချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့
ကျွန်တော့် နှလုံးသားဟာ
ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေကို
ဘယ်သူယူမလဲ
ပျော်ရွင်စွာ ကြည်နူးစွာနဲ့
ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ် လတ်နေပေမဲ့
တေးသံမထွက်နိုင်တဲ့
ကြယ်ကလေးရေ
မင်းပျော်ရဲ့လားကွယ် -------

ဝေးလွင့်သူ
အသစ်တစ်ဖန်

အဲဒီမြူနှင်းတွေပေါ့
နှလုံးသားကို
ဆက်ပိုင်းကျိုးကျစေတာ
မပြုံးနိုင်တဲ့အဆုံး
နေလုံးလဲကွယ်ပြီး
ပြီး -----------
တစ်စက်ချင်းရွာတဲ့မိုး
ပထ၀ီမြေသားဟာ
ခြောက်သွေ့သွန်းရ
ကမ္ဘာတည်မဲ့ဇနဲ့
ဘယ်သူလဲ
လ ကိုယူဆောင်ခဲ့တာ
သူအနုံညတာ
မဟုတ်ပေဘူး

9/16/2007

ငါ ---- ငေးနေမိတယ်လေ
ဆုံမှတ်ရဲ့တစ်နေရာကိုပေါ့

ပြိုင်နေတဲ့ မျဉ်းကြောင်းနှစ်ကြောင်းဟာ
ဘယ်တော့မှ ပြန်ဆုံနိုင်တော့မှာ
မဟုတ်တော့ပါဘူး

ဝေးပြီဟေ့ဆိုရင်တော့
အဝေးကိုသာ ရောက်အောင်သွားပါ

တကယ်တော့ ကောင်းကင်
ပြာပြာ ကြီးဟာ
ဘယ်တော့မှ အနီရောင်ပြောင်းသွားမှာမဟုတ်ပါဘူး

တိမ်ဆိုင်တွေ ရစ်မူးနေပေမဲ့
မိုးတွေက မရွာရင်ဘယ်လိုလုပ်မလဲ

လေနုအေးက
ကြမ်းပြင်ကို တိုက်ခတ်တာ မဟုတ်ပါဘူး

အချိန်တိုင်းမှာ ဝေးကွာနေမယ်ဆိုရင်
ဘယ်တော့မှ ပြန်ဆုံနိုင်မှာ မဟုတ်တော့ပါဘူး
------------------------------------------------------------------------------ ဝေးလွင့်သူ -------------------